မနက်စောစော လှူမလို့ Wave Account ဖွင့်တာ သူခိုးနဲ့တိုးကြောင်း ပြောလာတဲ့ ဒိန်းဒေါင်
|မနက်စောစော လှူမလို့ Wave Account ဖွင့်တာ သူခိုးနဲ့တိုးကြောင်း ပြောလာတဲ့ ဒိန်းဒေါင်
ပရိသတ်ရဲ့ အချစ်တော် ဟာသ လူရွှင်တော် ဒိန်းဒေါင် ကတော့ လ တ်တလောမှာ ချွန်တွန်း ပရဟိတကို ဖွဲ့စည်းထားပြီး ကိုဗစ်ဒုတိယလှိုင်းကြောင့် ခက်ခဲ နေတဲ့ သူတွေ အတွက် အကူညီ လိုအပ်ရင်တောင်းခံဖို့ ဖုန်းနံပါတ်တွေ ပေးထားသလို တကယ် လိုအပ်နေတဲ့သူတွေကိုလည်း အိမ်တိုင်ရာရောက် အလှူငွေနဲ့ အခြေခံစားသော က်ကုန်တွေ သွားရောက်လှူဒါန်းပေးနေပါတယ်။
ဒုက္ခရောက် နေတဲ့ သူတွေအတွက် ချွန်းတွန်းပရဟိတရဲ့အလှူတွေကတော့ တကယ်ကို ထိထိ ရောက်ရောက် ဖြစ်ခဲ့သလို မြင်တွေ့ရတဲ့သူတိုင်း အတွက်လည်း ဝမ်းသာ ကြည်နူးစရာပါ။
ဒါပေမယ့် လောကမှာ ကောင်းတာလုပ်လည်း အဖျက် အနှောင့်ရှိတတ်တဲ့ ထုံးစံအတိုင်း ဒီနေ့မှာတော့ ဒေါသထွက်စရာ တစ်ခုကြုံခဲ့ရကြောင်း ဒိန်းဒေါင်က မျှဝေခဲ့ပါတယ်။
မနက်စောစော ကလေးအမေတစ်ယောက်က ကလေးဆေးခန်းပြချင်လို့ အကူညီတောင်းခံတာကြောင့် မနက် (၅.၅၂) မိနစ်လောက်မှာ Wave Money Account ကိုဖွင့်လိုက်တာ ချက်ချင်းသူခိုးနဲ့ တန်းတိုးကြောင်း မျှဝေလာပါတယ်။
ဒိန်းဒေါင်ကတော့ အခုလို အလှူငွေ ကိုတောင် ခိုးရဲတဲ့ လူစိတ်မရှိတဲ့သူခိုးကို မင်း အဲ့ငွေကို စားရဲရင် လာခဲ့ပါ.. ပင် နံပါတ် ပြောပြမယ် မရှက်ဘူးလား ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ မျှဝေခဲ့ပါတယ်။
ပရိသတ်ကြီးရေ.. ချို့တဲ့သူတွေကို ကူညီဖို့ လုပ်ထားတဲ့ငွေတွေကို မသမာတဲ့နည်းလမ်းတဲ့ ခိုးယူဖို့ ကြိုးစားနေတဲ့ သူခိုးရဲ့စိတ်ဓာတ်ကတော့ တကယ်ကို အောက်တန်းကျလွန်းပါတယ်နော်။Source – Dain Daung