အမှိုက် ပုံးထဲက ခရမ်းသီး အပုတ်တွေ ကောက်ပြီး စားဖို့လုပ်နေတဲ့အဖွားကို အလှူခံရသမျှငွေတွေ အကုန်ပြန်လှူလိုက်တဲ့ ဒိန်းဒေါင်

အမှိုက် ပုံးထဲက ခရမ်းသီး အပုတ်တွေ ကောက်ပြီး စားဖို့လုပ်နေတဲ့အဖွားကို အလှူခံရသမျှငွေတွေ အကုန်ပြန်လှူလိုက်တဲ့ ဒိန်းဒေါင်

အမှိုက် ပုံးထဲက ခရမ်းသီး အပုတ်တွေ ကောက်ပြီး စားဖို့လုပ်နေတဲ့ အဖွား ကိုအလှူခံ ရသမျှ ငွေတွေ အကုန် ပြန်လှူ လိုက်တဲ့ ဒိန်းဒေါင် ခက်ခဲ လွန်းတဲ့ ဘဝ တွေဟာ ကိုယ်တိုင် မကြုံ တွေ့ရဘဲ စ ကား အပြောလေး ကြားရုံနဲ့တောင် စိတ်မကောင်း ဖြစ်ရ လွန်းပါတယ်။

ဒိန်းဒေါင်က တော့ ဒီလို ဘဝတွေ ထဲကို ထဲထဲ ဝင်ဝင် လိုက်လံကူ ညီနေသူမို့ စိတ်မကောင်းစရာ အဖြစ်တွေက မကြာ ခဏ ဆိုသလိုကြုံနေရပါတယ်။အခြေခံ လူတန်းစားတွေ အတွက် လက်ရှိအခြေ အနေဟာ အတော်လေးကို ကျပ်တည်းလွန်း ပါတယ်။

ဒီနေ့မှာလည်း အဖွား တစ်ယောက်ဟာ မြေးဖြစ်သူကို ကျွေးဖို့ဆိုပြီး အမှိုက်ပုံး ထဲက ခရမ်းချဉ်သီး အပုတ်တွေ ကောက်ပြီး မြေးလေးနဲ့ နှစ်ယောက် အတူ စားဖို့ လုပ်နေတဲ့ သနားစရာ အဖွားရဲ့ အဖြစ်ကို မြင်ပြီး စိတ်မကောင်းလွန်းလို့ ဒီနေ့ အတွက် အလှူခံရသမျှငွေတွေ အားလုံးလှူဒါန်း ပေးခဲ့ပြီး စားစရာတွေ ဝယ်ပေးခဲ့တဲ့အ ပြင် အိမ်ထိပါ လိုက်ပို့ ပေးခဲ့ ပါသေးတယ်။

ဒီလို အလှူလေးအကြောင်းကို ” သြော် ဘဝတွေရယ် အလှူခံရသမျှအကုန်သာ ယူသွားတော့ အမေရေ ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါ တယ်။ သာဓုပါ အလှူရှင် အပေါင်းနဲ့ ကူညီ သူတွေရေ။ နောက်လည်း ဒီထက်မက လှူနိုင် တန်းနိုင်ပြီး ခက်ခဲတဲ့ ဘဝ တွေကို ဒုက္ခတွင်းထဲက အမြန်ဆုံးခေါ်ထုတ်ပေးနိုင်ပါစေ။source : Dane Daung

Tags: