လက်ရှိအိမ်ထောင်နဲ့ ကလေး (၄) ယောက် ကိုယ်စီရှိနေတာတောင် ဖောက်ပြန်နေတဲ့ ၂ ယောက်ကို ဖမ်းလိုက်ပြီ

လက်ရှိအိမ်ထောင်နဲ့ ကလေး (၄) ယောက် ကိုယ်စီရှိနေတာတောင် ဖောက်ပြန်နေတဲ့ ၂ ယောက်ကို ဖမ်းလိုက်ပြီ

လက်ရှိအိမ်ထောင်နဲ့ ကလေး (၄) ယောက် ကိုယ်စီရှိနေတာတောင် ဖောက်ပြန်နေတဲ့ ၂ ယောက်ကို ဖမ်းလိုက်ပြီ မလှိုင်မြို့နယ်တွင် တ ရားဝင် အိမ်ထောင် ရှိပြီး ၊ သား သမီးများ ရှိပါလျှက် အခြားအိမ် ထောင်ရှိ အမျိုးသားနှင့် ထပ်မံပေါင်းသင်းနေသူတို့အား အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ် ၊ ယာကြီးကုန်း ကျေးရွာ အုပ်စု၊ ဂွေးညိုဝင်းကျေးရွာနေ တရားလိုမှာ တရွာတည်းနေသူ မခင်စန်းအေးနှင့် လွန်ခဲ့သော ၁၅နှစ်ခန့်မှ စ၍ အကြင်လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ကြပြီး သားသမီး ၄ ဦးထွန်းကားခဲ့ကြောင်း ဆိုသည်။

ယခု ၂၀၂၀ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့တွင် ဇနီးဖြစ်သူ မခင်စန်းအေးမှာ တစ်ရွာတည်းနေ ကလေး ၄ ဦးဖခင် ဆန်းမြင့်မောင် (ခ)ကိုလေး နှင့် လိုက်ပြေးသွားပြီး၊ ညောင်ဦးမြို့နယ် ဆယ်လံကျေးရွာ ၌ နှစ်ဦးအတူ ပေါင်းသင်းနေထိုင်ကြောင်း ဆိုသည်။

တရားလို ဦးမြင့်နိုင်မှ၎င်းနှင့် တရားဝင်ကွာရှင်းထားခြင်း မရှိဘဲ၊ တခြား အမျိုးသား တစ်ဦးနှင့် တရားမဝင် လက်ထပ် ပေါင်းသင်းနေသည့် ဇနီးဖြစ်သူ မခင်စန်းအေး နှင့် အိမ်ထောင်ရှိလျှက် အခြားအိမ်ထောက်ရှိအမျိုးသမီးအား တရားမဝင် ထပ်မံလက်ထပ်ပေါင်း သင်းသူ ဆန်းမြင့်မောင် (ခ)ကိုလေး တို့နှစ်ဦးအား ဥပဒေ အရအ ရေးယူပေးပါရန် အောက်တိုဘာ ၁၈ ရက်နေ့၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မခင်စန်းအေး ၃၅နှစ်နှင့် ဆန်းမြင့်မောင် (ခ)ကိုလေး ၃၁ နှစ်တို့နှစ်ဦးအား မလှိုင်မြို့မရဲစခန်းမှ တစ်လင်တစ်မယားဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိပါ သည်။source: zetstar

Tags:

Add a Comment

Your email address will not be published. Required fields are marked *