အမည်မဖော်လိုသူ အလှူရှင်ဆီက ဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိ လက်ခံရရှိခဲ့တယ်ဆိုတဲ့ ပြေတီဦး

အမည်မဖော်လိုသူ အလှူရှင်ဆီက ဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိ လက်ခံရရှိခဲ့တယ်ဆိုတဲ့ ပြေတီဦး

နိုင်ငံကျော် အနုပညာရှင်များ ဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အက ယ်ဒမီ အိနြဒာကျော်ဇင်တို့က အနုပညာ လုပ်ငန်းတွေမှာထူးချွန်သ လို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံ ဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိနြာကျော်ဇင်က ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ထားပြီးပညာသင်ရန်အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှတော့ ပြေတီဦးရဲ့ ဖောင်ဒေးရှင်းက ပညာ သင်စရိတ်ထောက်ပံ့ပေးတာမျိုးသာမကပဲ Covid-19 ထိန်း ချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ်များကိုလည်း တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ပြေတီဦးတို့ မိသားစုရဲ့ မတည်ငွေနဲ့တကွ (၇) ရက်သားသမီး အလှူရှင်များရဲ့ လှူဒါန်းငွေတွေနဲ့ လည်ပတ်နေတဲ့ ပြေတီဦးဖောင်ဒေးရှင်းက အလှူငွေ သိန်း (၂၀၀) ကျပ်တည်းကို တစ်ခါတည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုအကြောင်းနဲ့ ပက်သတ်ပြီး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ပြေတီဦးက “ခုလိုအစစ အရာရာခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း အတွက် အလှူငွေ သိန်း၂၀၀ ကျပ်တိတိကို လာရောက်လှူဒါန်းသွားသော အမည်မဖေါ်လိုသည့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည်။ဆိုပြီး ဝမ်းသာစွာ မျှဝေထားပါတယ်။

ပြေတီဦးရဲ့ ဖောင်ဒေးရှင်းကတော့ ရရှိသမျှ အလှူငွေတွေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ခွဲဝေလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

အလှူရှင် မိသားစုလည်း အစစအရာရာ တိုးတက်ကြီးပွားပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Pyay Ti Oo’s fb