စစ်ကိုင်းမှ ပိုးတွေ့လူနာမှာ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် Q ဝင်နေသူဖြစ်

စစ်ကိုင်းမှ ပိုးတွေ့လူနာမှာ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် Q ဝင်နေသူဖြစ်

အိအိမွန် စစ်ကိုင်း၊ဧပြီ-၂၆ ယနေ့နံနက် ထုတ်ပြန်သည့် စစ်ကိုင်းမြို့နယ်မှ COVID-19 ပိုးတွေ့လူနာသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် အသွားအလာကန့်သတ်စောင့်ကြည့် (Quararntine) ဝင်နေသူဖြစ်ကြောင်း စစ်ကိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးက မုံရွာဂေဇက်သို့ အတည်ပြုသည်။

အဆိုပါ အမျိုးသားသည် သီတဂူဆရာတော်ကြီး အစီအစဉ်ဖြင့် အိန္ဒိနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ ” အခု ဒီမှာသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကနေ ဆေးရုံကို ပို့ဖို့ ဆောင်ရွက်နေပါပြီ။ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး

ဦးကျော်ခိုင်ထွန်းက ပြောသည်။ အိန္ဒိယသို့ ပညာတော်သင်သွားရောက်သည့် မြန်မာနိုင်ငံမှ သံဃာတော် ၂၁၀ ပါး၊သီလရှင် ၆ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို သီတဂူဆရာတော်ဘုရားကြီး၏ အစီအမံဖြင့် ဧပြီ ၂၂ ရက်နေ့က သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လေးစားစွာဖြင့် Monywa_Gazetteအား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *