ရွှေချောင်းတစ်ကီလိုကို မတော်ရာအတွင်း ထိုးသွင်းသယ်လာသူကို ဖမ်းဆီးနိုင်ခဲ့

ရွှေချောင်းတစ်ကီလိုကို မတော်ရာအတွင်း ထိုးသွင်းသယ်လာသူကို ဖမ်းဆီးနိုင်ခဲ့

အိန္ဒိယနိုင်ငံမှာ စုစုပေါင်း (၁) ကီလိုဂရမ် နီးပါးရှိတဲ့ ရွှေချောင်း (၄)ချောင်းကို မတော်ရာအတွင်း ထိုးသွင်း သယ်ဆောင်လာခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူဟာ ဒူဘိုင်းနိုင်ငံကနေ GoAir လေကြောင်းလိုင်းနဲ့ ခီရာလာလေဆိပ်ကို ရောက်ရှိလာခဲ့သူပါ။

သူ့ကို အထူးထောက်လှမ်းရေးယူနစ်က ဖမ်းဆီးနိုင်ခဲ့တာပါ။အိန္ဒိယနိုင်ငံမှာ (၂၄)ကာရက်ရှိ ရွှေတစ်ကီလိုဂရမ်ရဲ့ပေါက်ဈေးဟာ ရူပီး သိန်း(၅၀)ဝန်းကျင် ရှိပါတယ်။ ဒီအမျိုးသားဟာ နိုင်ငံအတွင်းကို တရားမဝင်လမ်းကြောင်းကနေ ရွှေချောင်းတွေ ခိုးသွင်းဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ဒီလို လုပ်နိုင်ဖို့ ကြီးလေးလှတဲ့ ဒုက္ခကို အတော်လေး သည်းခံခဲ့ရပုံ ရှိပါတယ်။

သို့သော်လည်း သူ့အကြံ အထ မမြောက်ဘဲ ၊ အစာဟောင်းလမ်း ကြောင်း ကျယ်သွားတာပဲ အဖက်တင်ခဲ့ပါတယ်။အထူးထောက် လှမ်းရေးရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ရွှေတွေရဲ့အလေးချိန်ဟာ (၉၇၂)ဂရမ်ဖြစ်ကြောင်း သိရပါတယ်။ တစ်ကီလို ဂရမ်မှာ (၁၀၀၀)ဂရမ် အလေးချိန် ရှိပါတယ်။

ဆိုရရင် (ဝ.၉၇)ကီလိုဂရမ်ကို ဒီအမျိုးသားက သယ်ဆောင်လာခဲ့တာပါ။ တစ်ကီလိုဂရမ်ပြည့်ဖို့ ဂရမ်အနည်းငယ်သာ လိုပါတော့တ ယ်။သူဟာလေးလံလှတဲ့ ရွှေတွေကို မမြင်ကွယ်ရာမှာ သယ်ဆောင်ရင်း လမ်းလျှောက်တဲ့ ပုံစံက အတော်လေး မအီမသာ ပုံစံ ဖြစ်နေတာကို ရဲက သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို အထူးစစ် ဆေးခန်းထဲကို ခေါ်သွား ချိန်မှာ သူ လမ်းကောင်း ကောင်း မလျှောက်နိုင်တော့လို့ ရဲတွေက တွဲခေါ် ခဲ့ရ ပါသတဲ့။ အ သေးစိတ် စစ်ဆေးချိန်မှာ ရွှေတွေကို ဖမ်းမိခဲ့တာပါ ။ အိန္ဒိယနိုင်ငံအတွင်းကို ဝင်ရောက်မယ်ဆို ရွှေကို တရားဝင်အခွန်ဆောင်ပြီး ဝင်လို့ရကြောင်း သိရပါတယ်။

သို့သော်လည်း အခွန်အားဖြင့် (၁၈)%အထိ ပေးဆောင်ရမှာ ဖြစ် ကြောင်း သိရပါတယ် ။ အခြားနိုင်ငံတွေနဲ့စာရင် အတော်လေးများတဲ့ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် မှောင်ခိုသမားတွေရဲ့ လောဘကို အ လွန်အကျွံ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။credit:original uploader

Tags: