(၂၄)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

(၂၄)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်


ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄)နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မနေ့ ညနေ(၆)နာရီခွဲအချိန်တိုင်း ထွာချက်တွေအရ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ နောက် (၂၄) နာရီအတွင်း အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မုန်တိုင်းငယ် (Depression) အဖြစ် အားကောင်း လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် (၄၈)နာရီအတွင်း မြောက်-အရှေ့ မြောက်ဘက်ကို ပြန်ကွေ့ပြီး အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း အနီးတို့မှာ အားကောင်း သောမုန်တိုင်းငယ် (Deep Depression) အဖြစ်ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် (၂၂.၁၀.၂၀၂၀)ရက်ကနေ (၂၄.၁၀.၂၀၂၀)ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့ အ ပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းတွေ ကျရောက်ပြီး၊လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။

လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၇)ပေမှ (၁၀)ပေ ခန့်ရှိနိုင်တယ်လို့လည်း မိုး/ဇလကဖော်ပြထားပါတယ်။

လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းတာနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ် ငယ်၊ ချောင်းငယ်တွေအနီး နေထိုင် ကြသူတွေ အနေနဲ့ လျှပ်တစ် ပြက် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိ ပြုနေထိုင်ကြဖို့ကိုလည်း မိုး/ဇလက အကြံပြုထား ပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *