သင်ကံကောင်း တော့မယ် နတ် ကောင်း နတ် မြတ် တွေက စောင့်ရှောက်နေတယ်ဆိုတာ သိစေနိုင်မယ့် အချက် ၅ ချက်

သင်ကံကောင်း တော့မယ် နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်နေတယ်ဆိုတာ သိစေနိုင်မယ့်အချက် (၅) ချက်

တစ်ချို့လူတွေဟာ သူတို့ရဲ့မွေးရာပါကံကြောင့် သော်လည်းကော င်း ကုသိုလ်ကံ ကောင်းလို့ သော်လည်းကောင်း (အကြောင်းအမျိုးမျိုးတွေကြောင့်)နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရပါတယ်။ သင့်ကို နတ်ကောင်း နတ်မြတ် တွေက စောင့်ရှောက်တယ်ဆိုတာ သိစေမယ့်အချက် (၅) ချက်ရှိပါတယ်။

တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲလိုလို ကြုံတွေ့နေရတယ်ဆိုရင် သင်ဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရတဲ့သူပါနော။

(၁) ငှက်မွှေးလေးကျလာတယ်

တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတဖြစ်ပါတယ်။သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။အထူးသဖြင့် သမရိုးကျနေရာတွေမဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင်သေချာပါတယ်။

(၂) ၁၁း၁၁ နာရီ

၁၁း၁၁ နာရီကို မကြာခဏတွေ့ဖူးလား။ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ ဂဏန်းဖြစ်ပါတယ်။ ဒီဂဏန်းလေးကိုတွေ့ပြီဆိုရင် သင်ကံကောင်းတော့မယ်ဆိုတာ အသေအချာပါပဲနော်။

(၃) တိမ်ပုံသဏ္ဍာန်များ

ကောင်းကင်ကို အမှတ်တမဲ့မော့ကြည့်လိုက်လို့ တိမ်ရဲ့ ပုံသဏ္ဍာန်လေးတွေက ထူးခြားနေတယ်ဆိုရင် သင့်ကို လုပ်ဆောင်ဖို့ ညွှန်ပေးနေတာဖြစ်နိုင်ပါတယ်။ ဥပမာ အသည်းပုံ တိမ်လေးကို မြင်ရင် အ ချစ်ရေးနဲ့ပတ်သက်ပြီး ကံကောင်းမယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ်သင့်တယ် ဆိုတာမျိုးပေါ့

(၄) မွှေးရနံ့

နတ်ကောင်းနတ်မြတ်တွေဟာ မွှေးရနံ့တွေနဲ့လည်း အချက်ပြတတ်ပါတယ်။ ဥပမာ ပန်းရနံ့သင်းသင်းလေး ဒါမှမဟုတ် ချောကလက်နံ့လိုစားချင်စရာလေး၊ ချိုမြိန်တဲ့ရနံ့လေးတွေနဲ့ သူတို့သင့်ကို စောင့် ရှောက်နေကြောင်း အသိပေးတတ်ပါတယ်။ နောက်ပြီး ရေမွှေးနံ့လိုမျိုး၊သင်းပျံ့တဲ့ရနံ့တွေက သင့်ကိုသူတို့ချစ်ခင်တယ်၊ စောင့်ရှောက်တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

(၅) ခံစားချက်

သင်ဟာ တစ်ယောက်တည်း ဖြစ်နေရင်တောင် သင့်ဘေးနားမှာ အ ဖော် တစ်ယောက်လောက် အမြဲရှိနေသလို ခံစားရမှာပါ။ လုံခြုံပြီး အလိုလိုပျော်နေတဲ့ ခံစားချက်ကို ခံစားရမှာပါ။စိတ်ကြည်လင်ပြီး စိတ်ခွန်အားတွေကို တွေ့မြင်သမျှ အရာတွေကနေတစ်ဆင့် ရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ နတ်ကောင်းနတ်မြတ်တွေက သင့်ကို အားပေးချစ်ခင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ပရိတ်သတ်ကြီးလည်း ဒီအချက်တေနဲ့ တိုက်ဆိုင်နေရင်တော့ နတ်ကောင်း နတ်မြတ်တေရဲ့ စောင့်ရှောက်ခြင်း ခံနေရပါပြီနော်။credit