ဆန်ဘီယာရောင်းပြီး ဝမ်းရေးရှာဖွေနေရတဲ့ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရှင် အားကစားမယ်

ဆန်ဘီယာရောင်းပြီး ဝမ်းရေးရှာဖွေနေရတဲ့ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရှင် အားကစားမယ်

အားကစားသမား တွေဟာ နိုင်ငံ့ ဂုဏ်ဆောင်ဖြစ်ဖို့ အပြင်းအထန်ကြိုးစား ကြပါတယ်။ ဒါပေမဲ့လည်း ရွှေတံဆိပ်ဆု ငွေတံဆိပ်ဆုတွေ သိမ်းပိုက်ပြီးခါမှ အချို့သောအားကစားသမားဆိုရင် ကိုယ်ကြိုးစား ခဲ့တာနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး အစိုးရဆီက မရရှိကြပါဘူး။ တစ်ချို့တွေဆိုရင် နိုင်ငံကျော်အားကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဝမ်းရေးအတွက်လမ်းဘေးမှာ အရက်ဘီယာရောင်းရတဲ့အဖြစ်မျိုးတွေတွေ့ရပါတယ်။

Storypick သတင်းတစ်ပုဒ်အရ အိန္ဒိယနိုင်ငံ ရန်ချီမြို့နေသူ ဘီမလာမွန်ဒါဟာလည်း အလားတူအဖြစ်မျိုးကြုံနေရတာပါ။ ဘီမလာက နိုင်ငံတော်အဆင့် အားကစားတစ်ယောက်ဖြစ်ပေမယ့် စားဝတ်နေရေးအတွက် ဟန်ဒီယာလို့ခေါ်တဲ့ ဆန်ဘီယာရောင်းနေရတာပါ။ အရင်တုန်းက ဘီမလာက ပြည်နယ်အတွက် ထူးချွန်ဆုတံဆိပ်တွေအများကြီးယူပေးထားတာပါ။

အခုတော့ အဲ့ဒီတံဆိပ်တွေကို သေသေချာချာ မထားနိုင်တော့တဲ့အပြင် အချို့တံဆိပ်တွေဟာဆိုရင် အရောင်မှိန်တာ ကျိုးတာတွေတောင်ဖြစ်နေပါပြီ။ဘီမလာက အခု အသက်၂၆နှစ်ရှိပါပြီ။ “ကျွန် မမိသားစုက ဆင်းရဲတယ်။ ငွေရေးကြေးရေးအဆင်မပြေဘူး။

စီးပွားရေးတွေအကုန် lockdown ချခံရတော့ မိသားစု အတွ က် စားဖို့ရအောင် ကျွန်မ ရှာရတယ်။ ကျွန်မ ကရာတေး ကျင့်ဖို့လည်း ကုန်ကျစရိတ်တွေ ကာမိအောင်ပေါ့ ။ ကစားတာက ကိုယ့်စရိတ်ကိုယ်စိုက်ရတယ်။ ပြိုင်ပွဲတွေတိုင်း မှာလည်း ခရီးသွားကုန် ကျစရိတ်တွေကို ကိုယ့်ဘာသာရှာရတယ်။ ပိုက်ဆံအများကြီးကုန်ပါတယ်။” လို့ ဘီမလာက ပြောပါတယ်။

အရင်တုန်းကတော့ ဘီမလာရဲ့မိခင်က နေ့စားအလုပ်သမားအဖြစ်နဲ့ သမီးကို အစစအရာရာထောက်ပံ့ပါတယ်။ ဒါပေမဲ့လည်း မိခင်ကြီးက အသက်ကြီးလာတဲ့အပြင် ကျန်းမာရေးကပါ ချို့ယွင်းလာတော့ အိမ်စရိတ်ကို ဘီမလာပဲတာဝန်ယူလာရတာပါ။ ဘီမလာဟာ အသက် ၅နှစ်ကစပြီး ကရာတေးကစားခဲ့တာပါ။ စာရင်းအင်းပိုင်းနဲ့လည်း ဘွဲ့ရထားပါတယ်။

လက်ရှိမှာ သူမက မိဘနှစ်ပါးနဲ့အတူ အမေ့ဘက်က အဘွားနဲ့နေ ထိုင်နေပါတယ်။ဘီမလာဟာ ၂၀၁၁ တုန်းက ကျင်းပခဲ့တဲ့ ၃၄ကြိမ်မြောက် အမျိုးသား အားကစားပွဲမှာ ငွေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် Akshay Kumar အပြည်ပြည် ဆိုင်ရာ က ရာတေး ချန်ပီယံပွဲ မှာတော့ ရွှေတံဆိပ် နှစ်ခုတောင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘီမလာက “အရင် အစိုးရက ဆုတံဆိပ်တွေ ရတဲ့ အားကစားသ မားတွေဆိုရင် ချက်ချင်းအလုပ်ခန့်ပေးမယ်ဆိုပြီး ပြောခဲ့လို့ ကျွန်မကမျှော်လင့် ထားခဲ့တာပါ။ ဒါပေမဲ့ ဒီအစိုးရကျတော့ ဘာမှမပြော လုပ်လည်း မလုပ်ပေးတော့ မျှော်လင့်ချက် တွေတောင် မရှိတော့ပါဘူး။” လို့ ဆိုပါသေးတယ်။

ဘီမလာက ပြည်နယ် အစိုးရဆီကနေ ငွေရေးကြေးရေးအကူအညီ ယူမှာမဟုတ်ပေမယ့် အစိုးရ အလုပ်တွေအတွက်တော့ အားကစားမှာထူးချွန်ဆုဆွတ်ခူးခဲ့တဲ့လူတွေကို အရေအတွက် ပိုတိုးပြီးအလုပ် ခန့်ပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။credit – ShweMom

Tags: