ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုချက်တွေကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုချက်တွေကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုချက်တွေကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အမျိုးမျိုးထွက်ပေါ်နေချိန်မှာ တရုတ်နိုင်ငံက အခုလို ငြင်းပယ်လိုက်တာပါ။

ဗြိတိန်နိုင်ငံရှိ တရုတ်ထိပ်သီး သံတမန် မစ္စစ် ချန် ဝန် ကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုချက်တွေဟာ နိုင်ငံရေးလုပ်ကွက်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီတောင်းဆိုချက်တွေဟာ ကပ်ရောဂါကို တိုက်ဖျက်နေတဲ့

တရုတ်နိုင်ငံရဲ့ အာရုံကို လမ်းကြောင်းလွဲသွားစေနိုင်တယ်လို့လည်း မစ္စစ် ချန် ဝန် ကပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်တွေရောင်းချတဲ့ သား၊ ငါး ဈေးကနေ စတင်ပျံ့နှံ့လာတာလို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပေမယ့် ဥရောပသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံဟာ ဒီဗိုင်းရပ်စ်နဲ့

ပတ်သက်ပြီး လုပ်ကြံသတင်းတွေ ဖြန့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို မကြာခဏဆိုသလို ဝေဖန်တိုက်ခိုက်နေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။