ထူးခြားတဲ့ အရည် အသွေး တစ်ခုကြောင့် ပရိသတ်တွေ အံ့သြချီးကျူး ခဲ့ကြရတဲ့ ပန်းရောင်ခြယ်

ထူးခြားတဲ့ အရည် အသွေး တစ်ခုကြောင့် ပရိသတ်တွေ အံ့သြချီးကျူး ခဲ့ကြရတဲ့ ပန်းရောင်ခြယ်

ပရိသတ်ကြီးရေ ပန်းရောင်ခြယ် ကတော့ ငယ်ငယ်ထဲက နိုင်ငံခြားမှာ နေလာခဲ့ ပေမယ့်လည်း မြန်မာဆန်တဲ့ ဆံကေသာ အရှည်လေးနဲ့ ရိုးရိုး ယဉ်ယဉ်လေးတွေ ဝတ်စားတတ်တဲ့ သူလေးပဲ ဖြစ်ပါတယ်

နိုင်ငံကျော် ပြည်သူ့ အချစ်တော် အဆိုတော် ဂရေဟမ်ရဲ့ သမီးလေး ဖြစ်ပြီး သူမရဲ့ စူးရှရှအသံလေးကို အမျိုးသား ပရိသတ်တွေက ကြွေနေတာပဲ ဖြစ်ပါတယ်။

သူမကို အားပေးတဲ့ ယောကျာ်းထုကြီး ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်ကိုလည်း ယောက္ခမ လို့ ခေါ်ဆိုနေကြတဲ့ သူတွေ အများအ ပြားပါပဲ။

အဖေ့ အမွေကို ဆက်ခံတဲ့ မျိုးဆက်သစ် အနုပညာရှင်လေး ဖြစ်ပြီး အဆိုပိုင်းတင် မကဘဲ သရုပ်ဆောင်ပိုင်း ကိုပါ ဝါသနာ ပါသူလေး ဖြစ်ပါတယ်။

အမျိုးသား ပရိသတ် တွေတင် ချစ်ခင် အားပေးကြတာ မဟုတ်ဘဲ သူမရဲ့ သီချင်းတွေဟာ မိန်းကလေး ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလေ့ ရှိတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်ဖျော်ဖြေမယ့် နေရာကို ကိုယ်အလှဆင် ဆိုတဲ့စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။အိမ်မှာ ပန်းအလှ ဆင်ကာ တကယ့် ပညာရှင်တွေ အလှ ဆင်ထား သ လိုသပ်ရပ် လှပစွာ ပြင်ဆင် ထားမှုကြောင့် ပရိသတ်တွေ အံ့သြ ချီးကျူးခဲ့ကြရ တာပါပဲနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။ Source : Pan Yaung Chel