ကြည်နူးပီတိအပြည့်နဲ့ ကန်တော့ခံခဲ့ရတဲ့ နေ့လေးကို မျှဝေလာတဲ့ ခိုင်နှင်းဝေ

ကြည်နူးပီတိအပြည့်နဲ့ ကန်တော့ခံခဲ့ရတဲ့ နေ့လေးကို မျှဝေလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ အခုချိန်ကတော့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေရဲ့ သီတင်းကျွတ် အခါသမယ လေးပါ ။ ဒီလိုကာလမှာ လူကြီးမိဘ၊ဆရာသမားတွေနဲ့ ကျေးဇူး ရှိသူတွေကို ပြစ်မှားမိတဲ့ အပြစ်တွေဝန်ချ တောင်းပန်ပြီး ကန်တော့လေ့ ရှိကြတဲ့ ဓလေ့လေးကတော့ မြန်မာ လူမျိုးတွေရဲ့ မွန်မြတ်ရဲ့ ဓလေ့လေး တစ်ခုပဲလို့ ဆိုရမှာပါ။

ခိုင်မိသားစုကြီးရဲ့ ပဲ့ကိုင်ရှင် ပရဟိတ မင်းသမီး ခိုင်နှင်းဝေကလည်း သီတင်းကျွတ်ချိန်ခါမှာ ကန်တော့ခဲ့ကြတဲ့ သူ့ရဲ့ဝန်ထမ်းတွေကြောင့် ရရှိလာတဲ့ ကြည်နူး ပီတိလေးကို မျှဝေခဲ့ပါတယ်။

ဒီနေ့ ရင်ထဲ ကြည်နူးမှု ပီတိလေးတွေ ဖြစ်ရတဲ့ နေ့လေးပေါ့ ကျမ ဝန်ထမ်းလေးတွေ ကျမကို ကန်တော့ကြတယ်နှစ်တိုင်း မဲဖောက်ပေးနေကျ ဒီနှစ်တော့ မဖောက်ပေးနိုင်ဘူး..မုန့်ဖိုးပဲ ပေးနိုင်ခဲ့တယ်

ဝန်ထမ်းတွေ ထဲမှာ ကျမထက် အသက်ကြီးလို့ ကျမကို ကန်တော့တဲ့အထဲ မပါတဲ့ဝန်ထမ်းတွေက လည်း ကျမကို သူတို့ တတ်နိုင်တဲ့လက်ဆောင်လေး ဝယ်ပေးကြတယ်..ကန်တော့တယ်ဆို တာ ကျမတို့ မြန်မာလူမျိုးတွေရဲ့ သီတင်းကျွတ် အလေ့အထလေးပါ..ကျမတို့ရဲ့ မေတ္တာတွေ ဖလှယ်ကြတဲ့ နေ့လေး တနေ့ ပါပဲရှင် ဆိုပြီး ကြ ည်နူးပီတိအပြည့်နဲ့ မျှဝေခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ကလေးသုံးဆယ်ကျော်ကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေရုံမက အခုလိုခက်ခဲနေတဲ့ကိုဗစ်ကာလကြီးမှာလည်း ဝန်ထမ်းတွေရဲ့ စားဝတ် နေရေးကို ငဲ့ပြီး လူလျှော့တာ၊ အလုပ်နားတာတွေ တစ်ခုမှ မလုပ်ဘဲ ခိုင်မိသားစုကြီး အတွက် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးခဲ့သူပါ။

မနေ့ကတော့ ကန်တော့တဲ့သူက ကန်တော့ မုန့်ဖိုးပေးတဲ့သူကပေးနဲ့ အပြန်အလှန်မေတ္တာတွေပြသခဲ့တဲ့ ကြည်နူးစရာနေ့လေးတစ်နေ့လို့ ဆိုရမှာပါပဲ ပရိသတ်ကြီးရေ..Source – Khine Hnin Wai