ပျူခေတ်ရွှေစေတီတော်နှင့် ဆက်စပ်ရှေးဟောင်း ပစ္စည်းများ နိုင်ငံတော်သို့ အပ်နှံ

ပျူခေတ်ရွှေစေတီတော်နှင့် ဆက်စပ်ရှေးဟောင်း ပစ္စည်းများ နိုင်ငံတော်သို့ အပ်နှံ

ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းမှတွေ့ရှိရသော ပျူခေတ် ရွှေစေတီငယ် နှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဒေသခံများက နိုင်ငံတော်သို့ အပ်နှံခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန၊ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦး စီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနေ ဦးမျိုးဝင်း ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော် နှင့် ဦးကြက်တောတို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိရသော ရွှေဖြင့် ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်း တစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့် ပြုလုပ်ထားသည့် စေတီတော်ပစ္စယာတစ်ခု၊ စေတီတော် အောက်ခံပြား တစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ (၃)ခု၊ ငွေပြား အပိုင်းအစ(၂)ခုတို့အား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ လာရောက် အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ နယ်ရှိ ကမ္ဘာ့ အမွေအနှစ် ဒေသတစ်ခု ဖြစ်သော ဟန်လင်းမြို့ဟောင်း တောင်ဘက် မြို့ရိုးအပြင်ဘက်၊ ကုန်းအမှတ်(၃)၏ အနောက် တောင်ဘက် ပေ (၁၃၀) ခန့် အကွာ ဒေါ်တင်မ အပိုင်ယာခင်းအား ဒေသခံ လုပ် သား(၅)ဦး တို့က ယာမြေ ရှင်းလင်းခဲ့စဉ် ပျူခေတ် ရွှေစေတီငယ်နှင့် ဆက်စပ် ရှေးဟောင်း ဝတ္ထု ပစ္စည်းများကို တွေ့ရှိ ခဲ့သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ထံသို့ လာရောက်အပ်နှံခဲ့ရာ အဆိုပါ ပစ္စည်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆုကြေးငွေ ချီးမြှင့်နိုင်ရန် လွှဲပြောင်းပေးပို့ခဲ့ပြီး မူလရွှေထည်နှင့် ငွေထည် တန်ဖိုး အပြင် ခေတ်ကာလ တန်ဖိုးနှင့် လက် ရာ တန်ဖိုးများ ထပ်ဆောင်း၍ ဆုကြေးငွေကျပ် သိန်း ၁၀၀ ကျော်ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုတွေ့ရှိမှုသည် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ ဟောင်းတွင် ပထမဆုံး ပျူခေတ် စေတီငယ် တွေ့ရှိခြင်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော တွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအနှံ့အပြားတွင် ကြေးခေတ်၊သံခေတ် ယဉ်ကျေးမှုထွန်းကားခဲ့သည့် ရှေးဟောင်းသင်္ချိုင်း နေရာများ တည်ရှိလျက်ရှိရာ အချို့သော ရွာသားများက တရားမဝင် တူးဖော်၍ သင်္ချိုင်းမှ တွေ့ရှိရသည့် ပုတီးစေ့များ၊ ကြေး လက် နက်၊ သံလက်နက်များ၊ မြေအိုးများ အစရှိသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ပွဲစားများမှ တစ်ဆင့် ရှေးဟောင်းပစ္စည်း မှောင်ခို ရောင်း ဝယ်သူများထံသို့ ရောင်းချကြ သောကြောင့် အရေးယူခဲ့ရသော ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ(၁၀)ရက် ကလည်း မကွေးတိုင်းဒေသကြီး၊ မင်းဘူ(စကု) မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ မန်ကျီးပင်ရွာနေ ဦးအောင်မိုး၏ ယာခင်း၌ လူအင်အား (၃၀၀)ခန့်က ရှေး ဟောင်းသင်္ချိုင်း တစ်ခုကို တရားမဝင် တူးဖော် နေကြသဖြင့် ဟန့် တား ဆောင်ရွက်ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။credit : TheFifthWaveNews

Tags:

Add a Comment

Your email address will not be published. Required fields are marked *