ဧရာဝတီ ဖောင်ဒေးရှင်းက ဘုန်းတော်ကြီးကျောင်း များနှင့် သီလ ရှင်ကျောင်း ၁၁ ကျောင်းတို့ အတွက် ငွေကျပ်သိန်း ၂၂၀၊ ဆန်အိတ် ၂၂၀ နှင့် နှာခေါင်းစည်း ၂၂၀၀၀ တို့ကို လှူဒါန်း

ဧရာဝတီ ဖောင်ဒေးရှင်းက ဘုန်းတော်ကြီးကျောင်း များနှင့် သီလ ရှင်ကျောင်း၁၁ ကျောင်းတို့အတွက် ငွေကျပ်သိန်း ၂၂၀၊ ဆန်အိတ် ၂၂၀ နှင့် နှာခေါင်းစည်း ၂၂၀၀၀ လှူဒါန်း

ဧရာဝတီ ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင် ကူညီလှူဒါန်းမှုများ ပြုလုပ် လျက်ရှိရာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၁၁ ကျောင်းအတွက် ငွေကျပ် သိန်း ၂၂၀၊ ဆန်အိတ် ၂၂၀နှင့် ဧရာဝတီဖောင်ဒေးရှင်းက ထုတ်လုပ်သည့် နှာခေါင်းစည်း ၂၂၀၀၀ တို့ကို သွား ရောက်လှူဒါန်းခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် စာသင်တိုက်များ ဖြစ်သည့် သိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက် နှင့်

အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် တို့ အပါအဝင် ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများဖြစ်သော နာဂလိုဏ်ဂူရှိ ကလေးဝတောရကျောင်းစာသင်တိုက်၊

မေတ္တာဝါဒီ ဟင်္သာတ ပရဟိတ စာသင်တိုက် ၊ မြဝတီမဟာစည် သာသနာ့ရိပ်သာ၊ ပညာသိင်္ဂီ သီလရှင်စာသင်တိုက်၊ သီရိ ရတနာစာသင်တိုက်၊ ငွေစန္ဒာ သီလရှင် ကျောင်းတိုက်၊ ပညာ ဂုဏ်ရည် (မြိုင်) သီလရှင်စာသင်တိုက်၊

မဟာအောင်မြေ သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်နှင့် သစ္စာမဏ္ဍိုင်သီလရှင် စာသင်တိုက် အစရှိသည့် စုစုပေါင်း ၁၁ ကျောင်းအတွက် အလှူငွေကျပ် သိန်း ၂၂၀၊ ဆန်အိတ် ၂၂၀ နှင့် ဧရာဝတီ ဖောင်ဒေးရှင်းကပထမဆုံးထုတ်လုပ်သော ခွဲစိတ်ခန်းသုံး နှာခေါင်း စည်း ၂၂၀၀၀ ကို သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအ တွက် နှာခေါင်းစည်း ထုတ်လုပ်သည့်စက် ဝယ်ယူကာ အခုရေ ငါးသန်း ထုတ်လုပ်လျက်ရှိပြီး အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကာ ယခုအ ခါ လိုအပ်သည့်နေရာများသို့ စတင်လှူဒါန်းခဲ့ကြောင်း သိရသည်။ cerdit: သတင်း – ရဲရင့်ရှိုင်း

Tags: