အရမ်းကြမ်းတဲ့ ကာရိုက်တာကြောင့် မောင်ဖြစ်သူ ပြေတီဦးကို သတိပေးလိုက်ရတဲ့ သရုပ်ဆောင် မို့မို့မြင့်အောင်

အရမ်းကြမ်းတဲ့ ကာရိုက်တာကြောင့် မောင်ဖြစ်သူ ပြေတီဦးကို သတိပေးလိုက်ရတဲ့ သရုပ်ဆောင် မို့မို့မြင့်အောင်

တစ်ခေတ်တစ်ခါက ရုပ်ရှင်လောကမှာ နာမည်ရရုံသာမက ပြက္ခ ဒိန် ကြော်ငြာ လောကမှာပါ ဘုရင်မ ဖြစ်ခဲ့တဲ့ မို့မို့မြင့်အောင် က တော့ သူနဲ့ အကယ်ဒမီ ပြေတီဦးတို့ မောင်နှမ တော်စပ်တဲ့အကြော င်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

မို့မို့မြင့်အောင်ကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကိုယ်တိုင် ပရိုဂျူဆာအဖြစ် ပါဝင်ထားတဲ့ ငရဲဆိုတာ ဂျိုနဲ့လားဆိုတဲ့ ဇာတ်ကားမှာ ပြေတီဦး ပါဝင်သရုပ်ဆောင်ထားမှု အပေါ်ကို “ပြေတီဦးလုပ်နိုင်တယ် ဒီကာရိုက်တာက သိပ်ကြောက်ဖို့ကောင်းတာ အမေကိုတောင် ဖေနဲ့ပြန်တုတ်ဆဲတာ ဆိုးတဲ့ကာရိုက်တာ ကာရိုက်တာကြီးကကြောက်ဖို့ကောင်းတယ်

မအေနဲ့ စိတ်အပြိုင် ဖြစ်နေတာ အမေကလည်း သားနဲ့ စိတ်ပြိုင်တာ သူကာရိုက်တာ ရောက်တယ် သူ့ကိုလည်း ပြောထားတယ် မောင်လေး သတိတော့ထားနော် လို့ ဒီကာရိုက်တာကြီးက ကူးစက် တတ်တယ်လို့ ကာရိုက်တာကနေ မထွက်သွားရင် အိမ်တွေမှာ ပြ ဿနာရှာတာတို့ တော်ရုံ တန်ရုံ မော်တော်ပီကယ့်ကို ပြဿနာရှာတာတို့ ဖြစ်တတ်တယ် ဒါပေမဲ့ သူကတော့ မဖြစ်ပါဘူး “လို့ဆိုရင်း သူတို့ မောင်နှမ တော်စပ်ပုံကို ပြောပြခဲ့တာပါ။

“ပြေတီဦးနဲ့က အမျိုးတော်တယ် ၂ဝမ်းကွဲလောက် တော်တယ် သူတို့အဘွားနဲ့ မမို့အဖေက အမျိုးတွေ အဖေဘက်က တော်တာ သူ့အဖေက နယ်မှာ ဆေးလိုက်ထိုးတော့ အနေဝေးနေတာ သူ့အဒေါ်တွေနဲ့မမို့တို့နဲ့က တရင်းတနှီးပဲ ငယ်ငယ်တုန်းက ပွဲလိုက်ကရင် ပြေတီဦးအဒေါ်တွေပဲလိုက်ပေးတာ မိတ်ကပ်လိုက်လိမ်းပေးတာ ပြေတီဦးတို့ကသာ နယ်သွားနေတော့ ဝေးသွားတာ” လို့ ဆိုပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပြေတီဦးအနုပညာမှတ်တိုင်ထူထားပုံကို”သူလုပ်ရဲတာကိုပဲ မမို့ကချီးကျူးနေပြီ ဒီကာရိုက်တာကို လုပ်ရဲတဲ့သူမရှိဘူး ဘာလို့လဲဆိုတော့ ဇာတ်ကောင်စရိုက်တွေရဲ့ငယ်ဘဝကအစသူပြောရတာ သူသင်ရတာ မမို့ကလည်းအဲ့အချိန်ကိုရီးယားကနေ မျက်နှာလုပ်ပြီး ပြန်လာကာစဆိုတော့ ယောင်နေတဲ့ အပြင် အကြော မလျော့ရသေးတော့ သူ့ကိုမကူညီပေးနိုင်ဘူး သူ့ခမျာ ဂျိုလားဆိုတဲ့ ကုလားလေးရဲ့ ကာရိုက်တာအကြီးအလတ် တခြားကာရိုက်တာတွေရဲ့ အငယ် အကြီး အလတ်အကုန်သူပဲသင်ပေးရတယ် သူပင်ပန်းရှာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒီကားလေးနဲ့ပတ်သတ်ပြီး အမှတ်တရအနေနဲ့တော့ “ဂျုံတွေဆန်တွေလှောင်ဖို့ လုပ်နေတဲ့အခန်းထဲမှာ မမို့ကို လည်ပြန်လှီးပြီးသတ်ဖို့ လုပ်တော့လေ အော်တဲ့ အချိန် ဖုန်တွေလည်း တအားဝင်တော့ ချောင်းတွေလည်းဆိုး နေမကောင်းလဲ ဖြစ်လိုက်တာ အခုအချိန်ဆိုဟိုရောဂါကို အထင်ခံရမှာ စောသွားလို့ နေမကောင်းရင်း ရိုက်ခဲ့ရတာ မော်လမြိုင်အထိwe loveတွေကလည်းလိုက်လာပြီး တော ထဲအထိ ခွေးသေးပန်းရွက်ကို ရှာလာပေးခဲ့ တိုက်ခဲ့တာ မမို့ဘေးက ကလေးကလည်း ကွမ်းရွက်ပုံတိုက်ပေးမှ ပျောက်သွားရော”လို့ သူကြုံခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ မို့မို့မြင့်အောင်တို့ မောင်နှမတော် စပ်တဲ့အကြောင်းကို ဒီအင်တာဗျူးလေးက တစ်ဆင့်သိပြီး အံ့သြသွားကြမယ် ထင်ပါတယ်။မောင်နှမ နှစ်ယောက်လုံး ကတော့ အ ကယ်ဒမီမှတ်တိုင်ကို အရောက်လှမ်းထားကြတဲ့ အနုပညာကဝေတွေပါပဲနော်။source:Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *