သင် သီဦးမှာ မဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ

သင်လုံးဝ သိဦးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ

အနမ်းဆိုတာ တစ်ဦးနဲ့ တစ်ဦး အရေပြားချင်း ထိတွေ့လိုက်ရုံ တစ်ခုတည်း တင်မဟုတ်ပါဘူး။ အနမ်းတစ်ပွေ့ကြောင့် လူသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေးတင်သာ မကဘဲနဲ့ စိတ်ကျန်းမာရေးကိုပါ အထောက် အကူ ဖြစ်စေတယ်ဆိုတာ သိပါသလား။ ဘာတွေများဖြစ်မလဲ ကြည့်လိုက် ရအောင်။

(၁) အရေးအကြောင်းအတွက် အလုပ်လုပ်စရာမလိုတော့ဘူးအနမ်းပေးခြင်းဟာ မျက်နှာကြွက်သားများအတွက် အကျိုးဖြစ်စေပါတယ်တဲ့။

ဒါကိုတော့ American Journal of Medicine ဂျာ နယ်မှာ ဖော်ပြထားတာပါ။ အနမ်းတစ်ကြိမ် ပေးလိုက် ခြင်းဟာ မျက်နှာကြွက်သား ၂၄ ခုနဲ့ postural ကြွက်သား ၁၁၂ ခုတို့ကို အလုပ်လုပ်စေတဲ့ အတွက်ကြောင့် မျက်နှာအတွက် သီးသန့် နုပျိုအဆီကျအောင် ယောဂလေ့ ကျင့်ခန်းတွေကို သီးသန့် လုပ်စရာမလိုတော့ပါဘူး။

(၂) အသားအရေ အတွက် ကောင်းကျိုးပေးတယ် အနမ်းပေးတဲ့အခါ ရှက်ပြီးတော့ မျက်နှာပူလာခြင်းဟာ မျက်နှာ အသားအရေအတွက် သွေးလှည့်ပတ်မှုကို အားကောင်းစေလို့ အသားအရေစိုပြေလှပစေပြီး glow စေပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးလှည့်ပတ်မှု အားကောင်းစေခြင်းက collagenနဲ့ elastin ဓာတ်ကို ထုတ်လွှင့်ပေးလို့ပါပဲ။

(၃) ကယ်လိုရီကျစေတယ်အနမ်းပေးချိန် ၁ မိနစ်ကြာတိုင်း ၂ မှ ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ် တဲ့လေ။

(၄)စိတ်ဖိဆီးမှုလျော့ကျစေခြင်းအနမ်းပေးခြင်းဟာ oxytocin ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒါဟာ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ဖိဆီးမှုကို လျော့နည်းစေနိုင်တဲ့ ဓာတ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် နမ်းလိုက်တာနဲ့ ပြဿနာတွေရဲ့ အကုန်လုံးနီးပါးကို ဖြေရှင်းပြီးသလို ဖြစ်စေမှာပါ။

(၅) ဓာတ်မတည့်မှုတွေကို သက်သာစေတယ် Allergy လို့ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်တဲ့ အဖုအပိမ့်တွေနဲ့ အသက်ရှူကြပ်တာတွေကို နမ်းခြင်းက သက်သာစေပါတ်ဆိုပြီးပြောထားပါတယ်။

(၆) Microbiomeတွေကို ထုတ်ပေးနိုင်တယ် ပြင်သစ်အနမ်း ၁၀စက္ကန့်လောက်နမ်းလိုက်ရုံနဲ့ ဘတ်တီးရီးယားပေါင်း သန်း ၈၀ လောက် ဖလှယ်နိုင်တာကတော့ အမှန်တရားပါပဲ။ ဒါပေမဲ့ ဒါတင်မဟုတ်ဘဲန့ microbiome လို့ခေါ်တဲ့ ကျန်းမာတဲ့ဘတ်တီးရီးယားတွေကိုလည်း ပေါက်ဖွားစေတာကြောင့် ကိုယ်ခံအားကောင်းစေမှာပါတဲ့။credit:penny