နာရေးကူညီမှုအသင်း(ရန်ကုန်)က ရုံးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဉက္ကဌ ဦးကျော်သူလည်း ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရမည်

နာရေးကူညီမှုအသင်း(ရန်ကုန်)က ရုံးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဉက္ကဌ ဦးကျော်သူလည်း ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရမည်ဖြစ်

နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူ ကိုတော့ အောက်တိုဘာ (၂၁) ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ် ဆေးသွားမယ်လို့ သိရပါတယ်။ ပရဟိတအလုပ်တွေ ထမ်းဆောင်နေတဲ့ သရုပ်ဆောင် ဦးကျော်သူကတော့ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ် ဆေးမှု ပြုလုပ်ရတော့မယ်လို့ သိရပါတယ်။

နာရေးကူညီမှု အသင်းရဲ့ ပြန်ကြားရေး ရုံးအဖွဲ့က ဝန်ထမ်းတစ်ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တာကြောင့် ဦးကျော်သူကိုယ်တိုင်လည်း ရောဂါပိုး ရှိမရှိ swab ယူကာ စစ်ဆေးမှု လုပ်ရတော့မှာ ဖြစ်ပါတယ်။ “ကျွန်တော်က ၂၁ရက်နေ့ swab ယူမှာပါ။ အခု အိမ်မှာပဲဘာမှမဖြစ်ပါဘူး။

အသင်းသားတွေနဲ့ ကျွန်တော်ကလည်း အပြင်မှာမတွေ့ဖြစ်ဘူးလေ လိုင်းပေါ်မှာပဲတွေ့တာ အသင်းသားတွေက Q ဝင်နေတာ” လို့ ဦးကျော်သူကပြောကြားပါတယ်။ ဦးကျော်သူ ကတော့ Covid ကာလမှာ နာရေးကူညီမှုအသင်း နဲ့ အတူ ပရဟိတ အလုပ် တွေကို နေ့မနား၊ ညမအား လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။

ကိုဗစ်ကူးစက်နိုင်တဲ့ ရောဂါအခံတွေ ရှိနေပေမယ့်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက် ကာကွယ်ကာ အများအတွက် ပရဟိတအလုပ်တွေ လုပ်ဆောင်မြဲ လုပ်ဆောင်နေဆဲ တွေ့ရပါတယ်။ နှလုံးခွဲစိတ်မှု ခံယူထားရပြီး ဆီးချိုရောဂါ အခံလည်း ရှိတဲ့ ဦးကျော်သူ အတွက် ပရိ သတ်တွေကလည်း စိုးရိမ်နေပါတယ်။

အောက်တိုဘာ(၂၁) ရက်နေ့မှာ swab ယူကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမယ့် ဦးကျော်သူ အတွက် ပရိသတ်တွေ ကလည်း negative ဖြစ်ပါစေဆိုပြီး ဆုတောင်း ပေးထားကြတာလည်း တွေ့ရပါတယ်။

အွန်လိုင်း စာမျက်နှာတွေပေါ်မှာတော့ နာရေးကူညီမှု အသင်းသားတစ်ယောက်မှာ ကိုဗစ်ပိုး တွေ့တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ့ခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ မြေပြင်မှာ သွားနေတဲ့ အသင်း သားတွေမှာ ကိုဗစ်တွေ့တာမဟုတ်ဘဲ ရုံးပိုင်း တာဝန်ယူထားတဲ့ ဝန်ထမ်းမှာကိုဗစ်တွေ့ခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ် ဆောင် တစ်ဦးဖြစ်ပါတယ်။ Crd : DUWUN