နွားကို ကြံ့ခိုင်ရေးတံဆိပ်ပါ အင်္ကျီ ချိတ်ဆွဲ ပေးသူကို တရားစွဲ

နွားကို ကြံ့ခိုင်ရေးတံဆိပ်ပါ အင်္ကျီ ချိတ်ဆွဲ ပေးသူကို တရားစွဲ

ကြံ့ခိုင်ရေး ပါတီ တံဆိပ်ပါ အင်္ကျီ ချိတ်ဆွဲပေး၍ နွားကို မောင်းနှင်သူကို ရပ်ကျေး ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌက တရားစွဲလိုက်သည့်ဖြစ်စဉ် ငါန်းဇွန် မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆပ်ပျာကျင်း ကျေးရွာနေ ထွန်းလွင် (၄၅)နှစ်ဆိုသူကို နွားပေါ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတံဆိပ်ပါ အင်ကျီ ကိုချိတ်ဆွဲထားစေကာမောင်းနှင်မှုကြောင့် ပါတီ ဂုဏ်သိက္ခာနှင့် ပုံရိပ် ကျဆင်းစေသောကြောင့်ဟုဆိုကာ ရပ်ကျေး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးအောင်ကိုက တရားလိုပြုလုပ်ကာ အောက်တိုဘာ ၁၅ ရက်တွင် မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်ကြား ခံရသူ ထွန်းလွင်သည် နွား၏ ဦးချို၌ အဆိုပါ ကြံ့ခိုင်ရေး တံဆိပ်ပါ အင်္ကျီ ကိုချိတ်ဆွဲ၍ ရွာအတွင်းမောင်းနှင်နေသည်ကိုတွေ့ရှိကြောင်း တစ်ရွာတည်းနေ နွယ်နီစိုးဆိုသူ၏ သတင်းပေးချက်အရ ယခုလိုတရားစွဲခြင်းဖြစ်ကြောင်း တိုင်ကြားစာအရ သိရသည်။

သို့ဖြစ်၍ ထွန်းလွင်(၄၅)နှစ်၏လုပ်ရပ်မှာ ပါတီ၏ ဂုဏ်သိက္ခာကျဆင်း စေသည့်အတွက်ကြောင့် အရေးယူ ပေးရန် ရပ်ကျေးကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဦးအောင်ကို (၄၀) နှစ်၏ တိုင်ကြားချက်ကို ငါန်းဇွန်း မြို့မ ရဲတပ်ဖွဲ့က မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ပေးခဲ့သဖြင့် ရာကြီးအမှတ် ၂၅၉/၂၀၂၀ ၊ ပုဒ်မ- ၅၀၄ ဖြင့် အမှုဖွင့်လှစ်ကာ အောက်တိုဘာ ၂၃ ရက်တွင် ရုံးထုတ် စစ်ဆေးမည် ဖြစ် ကြောင်း သိရသည်။crd:အကုန်သိ

Tags: