COVID 19 ကာကွယ်ရေးကုသရေး အတွက် ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို ပြည်ပ မှ ဝယ်ယူရန် ဧရာဝတီ ဖောင်ဒေးရှင်းက စာချုပ်ချုပ်

COVID 19 ကာကွယ်ရေးကုသရေး အတွက် ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို ပြည်ပ မှ ဝယ်ယူရန် ဧရာဝတီ ဖောင်ဒေးရှင်းက စာချုပ်ချုပ်

ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို ပြည်ပ မှ ဝယ်ယူရန် ဧရာဝတီ ဖောင်ဒေးရှင်းက စာချုပ်ချုပ် ဆိုလိုက်ကြောင်း အောက်တိုဘာလ ၁၇ ရက်တွင် အဆိုပါ ဖောင်ဒေးရှင်း ထံက သတင်း ရရှိသည်။

ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ(၂)သန်းဖိုး ဝယ်ယူ တင်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည် ဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း ထံက သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနဦးဆောင်မှုဖြင့် ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ဆောင်ရွက်နေသည်။ဓာတ်ပုံ – ဧရာဝတီ ဖောင်ဒေးရှင်း

Tags: